Skip to content

Latest commit

 

History

History
327 lines (164 loc) · 44 KB

burmese.md

File metadata and controls

327 lines (164 loc) · 44 KB

BBC News မြန်မာ

မြိုင်မြို့နယ်က မင်္ဂလာဆောင် ဗုံးကြဲခံရမှု သေဆုံးသူ ၁၄ ဦးအထိရှိလာ

__

ထိုင်းနိုင်ငံအလယ်ပိုင်းမှာ ခရီးသည်တင် ဘတ်စ်ကား တိမ်းမှောက်မှုဖြစ်လို့ သေဆုံးသူ ၁၇ ဦးအထိရှိ၊ မြိုင်မြို့နယ်က မင်္ဂလာဆောင် ဗုံးကြဲခံရမှု သေဆုံးသူ ၁၄ ဦးအထိရှိလာ၊ ... စတဲ့သတင်းတွေနဲ့အတူ ဖေဖော်ဝါရီလ ၂၆ ရက် မြန်မာနဲ့ ကမ္ဘာတဝန်း ထိပ်တန်းရောက်သတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေတာဖြစ်ပါတယ်။

အင်တာနက်ပေါ်မှာအရှက်ခွဲခံရတဲ့ အမျိုးသမီးတွေ ဘယ်လိုတုံ့ပြန်ကြသလဲ

၂၀၂၅ ဖေဖော်ဝါရီ ၂၅ အင်္ဂါ ၁၁:၄၈:၃၀

ASV စတည်ထောင်တဲ့ ငါးနှစ်အတွင်း အကြမ်းဖက် အရှက်ခွဲခံရလို့ အကူအညီလာတောင်းတဲ့ မိန်းကလေးပေါင်း အယောက် ၁,၀၀၀ ဝန်းကျင်လောက်ရှိနေတယ်လို့ ဆိုပါတယ်။

အရှေ့အလယ်ပိုင်းအရေး ဖြေရှင်းဖို့ အတွက် ကတိပြုခဲ့တဲ့ နှစ်နိုင်ငံ ပေါ်ထွန်းရေး မြေပုံ

၂၀၂၅ ဖေဖော်ဝါရီ ၂၅ အင်္ဂါ ၁၇:၃၈:၅၁

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကို ဆောင်ယူလာနိုင်မယ်လို့ သူယုံကြည်တဲ့ အဆိုပြုချက်တခုကို အစ္စရေးဝန်ကြီးချုပ် အီဟွတ် အိုမတ်က ပါလက်စတိုင်း ခေါင်းဆောင်ကို တင်ပြခဲ့ပါတယ်။
အဲဒါက ၂ နိုင်ငံ ဆိုတဲ့ အဖြေပါ၊

ပူတင်နဲ့ ထရမ့်က ကမ္ဘာကို တစ်ပတ်အတွင်း ဘယ်လို ကိုင်လှုပ်ခဲ့သလဲ

၂၀၂၅ ဖေဖော်ဝါရီ ၂၅ အင်္ဂါ ၀၃:၄၄:၀၇

ပြီးခဲ့တဲ့သီတင်းပတ်ဟာ ရုရုားကို ကမ္ဘာ့နိုင်ငံရေး စားပွဲမှာ ထိပ်ဆုံးကို ရောက်လာစေခဲ့ပြီး မဟာမိတ်နိုင်ငံတွေကို ဗြောင်းဆန်သွားစေခဲ့တဲ့ သီတင်းပတ် ဖြစ်ခဲ့ပါတယ်။

'ကျွန်မဓာတ်ပုံတိုင်းကို ညစ်ညမ်းပုံဖြစ်အောင် သူလုပ်ခဲ့တယ်' - အခင်ဆုံးသူငယ်ချင်း ဖြန့်ခဲ့တဲ့ ဖြတ်ညှပ်ဆက် ဓာတ်ပုံများ

၂၀၂၅ ဖေဖော်ဝါရီ ၂၄ တနင်္လာ ၀၆:၁၃:၅၂

သြစတြေးလျက အသက် ၃၀ အရွယ် ဟန်နာဟာ ညစ်ညမ်းဝက်ဘ်ဆိုက်တခုမှာ သူ့မျက်နှာနဲ့ ပုံတွေရာနဲ့ချီရှိတာကို တွေ့ခဲ့ရပါတယ်။

ပုံတွေဘေးမှာလည်း စိတ်ကူးယဉ် မုဒိမ်းကျင့်မှုပုံစံ အသေးစိတ် ရေးသားချက်တွေနဲ့ ကြမ်းတမ်းတဲ့ခြိမ်းခြောက်မှု အရေးအသားတွေ ပါနေပါတယ်။

လုံးဝမထင်မှတ်ထားတဲ့ သူငယ်ချင်းအရင်းက ညစ်ညမ်းဝက်ဘ်ဆိုက်မှာ မဖွယ်မရာအရေးအသားတွေနဲ့ ဖြတ်ညှပ်ကပ်ပုံတွေလုပ်ပြီးတင်ခဲ့တာကို ကာလရှည်ကြုံခဲ့ရသူ အမျိုးသမီးရဲ့ ကိုယ်တိုင်ဖော်ထုတ်ထောက်လှမ်းဖော်ထုတ်မှု

စစ်မှုထမ်းတစ်နှစ်ပြည့် - အပတ်စဉ် (၁)                      သင်တန်းဆင်း ပြောပြတဲ့စစ်မြေပြင်

၂၀၂၅ ဖေဖော်ဝါရီ ၂၃ တနင်္ဂနွေ ၁၀:၂၃:၀၆

စစ်ကောင်စီက စစ်မှုထမ်းဥပဒေအသက်သွင်းတာ တစ်နှစ်ပြည့်ချိန်မှာတော့ အပတ်စဉ် ၁၀ အထိ သင်တန်းဖွင့်လှစ်ထားကာ အပတ်စဉ် ၇ အထိက သင်တန်းဆင်းပြီး တာဝန်ထမ်းဆောင်နေကြပါပြီ။ ဖိအားပေးစစ်မှုထမ်းစာရင်းကောက်ယူမှုတွေနဲ့ ပြည်ပထွက်ခွင့်တားမြစ်ထားတဲ့ မြန်မာမှာ လူငယ်တွေဘာတွေကြုံတွေ့နေရလဲ။

လက်ပံတောင်းစီမံကိန်း ကုန်ကြမ်းယာဉ်တန်း ဘယ်လိုတိုက်ခိုက်ခံရလဲ

၂၀၂၅ ဖေဖော်ဝါရီ ၂၂ စနေ ၁၁:၃၁:၃၀

မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် တရုတ်ကုမ္ပဏီ ဝမ်ပေါင်တို့ အကျိုးတူပူးပေါင်းထားတဲ့ဒီစီမံကိန်းဟာ အရပ်သားအစိုးရလက်ထက်မှာလည်း ဆန္ဒပြမှုတွေကြုံရသလို အာဏာသိမ်းပြီးနောက်မှာလည်း မကြာခဏတိုက်ခိုက်ခံရပါတယ်။

ယူကရိန်း မြေရှားသတ္တုတွေ ဒေါ်နယ်ထရမ့် ဘာကြောင့်လိုချင်လဲ

၂၀၂၅ ဖေဖော်ဝါရီ ၂၂ စနေ ၀၅:၅၈:၁၅

ရုရှားကို ကာကွယ်တိုက်ခိုက်နေတဲ့ စစ်ပွဲအတွက် ယူကရိန်းကို အမေရိကန်က ဆက်လက်ကူညီဖို့ အတွက် မြေရှားသတ္ထုနဲ့ အလဲအလှယ် လုပ်ရမယ်လို့ ထရမ့်က ပြောပါတယ်။

ဒုက္ခသည်စခန်းကနေအိမ် - နေအိမ်က အရေးပေါ်ခန်း

၂၀၂၅ ဖေဖော်ဝါရီ ၂၁ သောကြာ ၁၂:၂၁:၄၁

အမေရိကန်ဟာ နိုင်ငံတကာထောက်ပံ့ကြေးကို USAID ကတဆင့်သာ ကူညီလေ့ရှိတာကြောင့် ထောက်ပံ့ငွေ ယူထားတဲ့မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အကူအညီယူနေတဲ့ မြန်မာဒုက္ခသည်တွေဆီ ဆင့်ကဲ ရိုက်ခတ်လာပါတယ်။

အမေရိကန် မပါဘဲ ဥရောပက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မလား

၂၀၂၅ ဖေဖော်ဝါရီ ၂၁ သောကြာ ၁၀:၂၄:၃၆

ဥရောပလုံခြုံရေးအတွက် ဥရောပနိုင်ငံတွေက အမေရိကန်ကို ဘယ်လောက် အားကိုး နေရလဲ၊ ဥရောပဟာ သူ့တို သက်သက်နဲ့ပဲ ကာကွယ်နိုင်မလားဆိုတဲ့ အမေးက ထွက်ပေါ် လာပါတယ်။

ပုဂ္ဂလိကလုံခြုံရေးတွေ လက်နက်ကိုင်ခွင့်ရမယ့် ဥပဒေ ဘာတွေသိထားသင့်သလဲ

၂၀၂၅ ဖေဖော်ဝါရီ ၂၀ ကြာသပတေး ၀၉:၁၄:၅၀

စစ်တပ်နဲ့ ရဲပဲ တရားဝင်လက်နက်ကိုင်ဆောင်ခွင့်ရတဲ့ နိုင်ငံမှာ ဒီဥပဒေအရ အရပ်သားလုံခြုံရေးဝန်ထမ်း တွေကိုပါ သေနတ်ကိုင်ဆောင်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

ဂါဇာကို အမေရိကန် လွှဲယူမယ်လို့ ထရမ့်ပြော

၂၀၂၅ ဖေဖော်ဝါရီ ၅ ဗုဒ္ဓဟူး ၁၅:၄၄:၂၈

မစ္စတာ ထရမ့်က ဂါဇာတခုလုံး ပြန်လည်တည်ဆောက်ပြီး ပါလက်စတိုင်းတွေကိုလည်း တခြားနေရာတွေကို ရွှေ့ပြောင်း ပေးမယ်လို့ ပြောပါတယ်။

ထရမ့်ပေးတဲ့သောကနဲ့မြန်မာဒုက္ခသည်တွေ

၂၀၂၅ ဇန်နဝါရီ ၂၈ အင်္ဂါ ၁၁:၅၁:၂၇

"အမေရိကန်ကိုသာ ပထမဦးစားပေး" ("America First") ဆိုတဲ့ သူ့ကြွေးကြော်သံနဲ့ အတူ ပေါ်လစီတွေ ပြန်ပြောင်းမယ့် ထရမ့်ရဲ့ လုပ်ဆောင်မှု တွေက အမေရိကန်နိုင်ငံပြင်ပက လူသန်းပေါင်းများစွာရဲ့ ဘဝတွေကို သက်ရောက်လာခဲ့ပါပြီ။ အဲဒီအထဲမှာ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေက မြန်မာဒုက္ခသည်တွေရဲ့ အမေရိကန်မှာ အခြေချခွင့်လည်း မရေမရာဖြစ်နေပါတယ်။

ရန်ဖက်သူငယ်ချင်းကောင်း ဒါမှမဟုတ် အမေရိကန်နဲ့ ဥရောပတို့ဆက်ဆံရေး အရင်နဲ့မတူ တမူထူးနိုင်လား

၂၀၂၅ ဇန်နဝါရီ ၂၈ အင်္ဂါ ၁၄:၄၇:၂၇

အိမ်ဖြူတော် တကျော့ပြန်လာပြီး အာဏာရလာတဲ့ထရမ့်အတွက် ပြင်သစ်၊ ဂျာမနီနဲ့ ဥရောပတိုက်ကြီးတစ်ခုလုံး ဘယ်လောက်အထိ ပြင်ဆင်ထားပြီးပြီလဲ။

ဒေါ်နယ်ထရမ့် ကနေဒါအပေါ် အခွန်တိုးမှုကို ရက် ၃၀ နောက်ဆုတ်ပေး

၂၀၂၅ ဖေဖော်ဝါရီ ၄ အင်္ဂါ ၁၅:၄၅:၁၁

မစ္စတာ ထရမ့်နဲ့ ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူဒိုးတို့ အကြား ဖုန်းနဲ့ ဆက်သွယ် စကားပြောခဲ့ကြပါတယ်။

ထရမ့်အတွက် ရှေ့တန်းတိုက်စစ်မှူး ၁၀ ဦး

၂၀၂၅ ဇန်နဝါရီ ၁၅ ဗုဒ္ဓဟူး ၁၃:၁၉:၄၅

အစိုးရအဖွဲ့အသစ်အတွက် ဒေါ်နယ်ထရမ့် ရွေးထားတဲ့ ဒီရှေ့တန်းတိုက်စစ်မှူးတွေဟာ ရွေးကောက်ပွဲတုန်းက သူပေးထားတဲ့ကတိကဝတ်တွေကိုဘယ်လောက်အထိ အကောင်အထည်ဖော်နိုင်မလဲ၊ ဒါမှမဟုတ် ပြဿနာပဲ ဆောင်ကျဥ်းလာစေမှာလားဆိုတာကို ဘီဘီစီက ကျွမ်းကျင်သူတွေကို အကဲခတ်ဖို့ ချဥ်းကပ်ခဲ့ပါတယ်။

ဂရင်းလန်း ကို ထရမ့်အရယူဖို့ ကြိုးစားနေရာကနေ ဖြစ်လာနိုင်တဲ့ အခြေအနေ ၄ ခု

၂၀၂၅ ဇန်နဝါရီ ၁၇ သောကြာ ၁၀:၄၂:၃၃

ဂရင်းလန်းကျွန်းကြီးကို ထရမ့်က ထိန်းချုပ်ရယူဖို့ ပြောနေတာကြောင့် ဂရင်းလန်းရဲ့ အနာဂတ်ဘယ်လို ဖြစ်လာနိုင်သလဲဆိုတာကို ဘီဘီစီက ခန့်မှန်းတွက်ချက်ခဲ့ပါတယ်။

ဒေါ်နယ်ထရမ့် - အိမ်ခြံမြေစီးပွားရေးသမားကနေ နိုင်ငံရေးသမားဖြစ်လာသူ

၂၀၂၄ နိုဝင်ဘာ ၁၁ တနင်္လာ ၁၇:၀၀:၅၃

ဘီလျံနာတယောက်ဖြစ်တဲ့ ဒေါ်နယ်ထရမ့်က အမေရိကန် သမ္မတဖြစ်ဖို့ ရွေးကောက်ပွဲ ၃ ကြိမ် ဆက်တိုက်ဝင်ယှဥ်သူပါ။

ဒေါ်နယ် ထရမ့်ရဲ့ သမ္မတရာထူး လက်ခံပွဲအခမ်းအနားအကြောင်း သိကောင်းစရာ

၂၀၂၅ ဇန်နဝါရီ ၁၆ ကြာသပတေး ၀၇:၅၃:၃၈

အမေရိကန်သမ္မတ ရာထူးလွှဲပြောင်းယူဖို့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ဒေါ်နယ် ထရမ့် ကျမ်းသစွာကျိန်ဆိုမှာ ဖြစ်ပါတယ်။

ဂရင်းလန်းနဲ့ ပနားမားတူးမြောင်းကို ထရမ့် ထိန်းချုပ်လို

၂၀၂၅ ဇန်နဝါရီ ၈ ဗုဒ္ဓဟူး ၁၆:၄၀:၂၆

သားဖြစ်သူ ဒေါ်နယ်ထရမ့် ဂျူနီယာဟာလည်း ဂရင်းလန်းကို သွားရောက်ခဲ့ပါတယ်။

ထရမ့် ဘယ်အချိန် သမ္မတ ပြန်စဖြစ်မလဲ

၂၀၂၄ နိုဝင်ဘာ ၉ စနေ ၀၈:၄၀:၃၂

ထရမ့်ဟာ နှစ်ပေါင်း ၁၃၀ ကျော်အတွင်း သမ္မတဟောင်းဘဝကနေ ရွေးကောက်ပွဲရှုံးပြီးမှ ပထမဆုံး ရာထူးပြန်ရသူ ဖြစ်လာတော့မှာပါ။

တရုတ်ရဲ့ စီးပွားရေးပြန်နာလန်ထူရေး စီမံကိန်းတွေ ထရမ့်ကြောင့် ပျက်စီးသွားနိုင်မလား

၂၀၂၄ နိုဝင်ဘာ ၁၀ တနင်္ဂနွေ ၁၀:၀၆:၁၀

တရုတ်ရဲ့ ပို့ကုန်တွေကို အခွန် ၆၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်ရေးအပါအဝင် ပို့ကုန်အခွန် တိုးမြှင့်မယ်လို့ ထရမ့်က မဲဆွယ်ပွဲတွေမှာ ကတိပြု ပြောသွားခဲ့ပါတယ်။

သမ္မတထရမ့်ရွေးထားသူတွေ မြန်မာအတွက်အလုပ်ဖြစ်နိုင်လား

၂၀၂၄ နိုဝင်ဘာ ၁၆ စနေ ၀၉:၅၄:၀၃

'' မာကိုရူဘီရို က ၂၀၂၁ စစ်တပ်အာဏာသိမ်းတာကို ကန့်ကွက်ခဲ့တယ်။ မြန်မာစစ်တပ်ကို ထိထိရောက်ရောက် ဒဏ်ခတ်ပိတ်ဆို့ဖို့ကိုလည်း ဘလင်ကန်ဆီ စာရေးခဲ့သူဖြစ်တယ်''

ဒေါ်နယ် ထရမ့် သမ္မတဒုတိယသက်တမ်း ဘာတွေဖြစ်လာနိုင်လဲ

၂၀၂၄ နိုဝင်ဘာ ၇ ကြာသပတေး ၁၂:၄၈:၂၅

ဒေါ်နယ်ထရမ့်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်ကို ရှုံးခဲ့ပြီးတဲ့နောက် ကြီးမားတဲ့အောင်မြင်မှုအဖြစ် အမေရိကန်သမ္မတနေရာကို ဒုတိယအကြိမ်ယူဖို့ မဲနိုင်ပြီဖြစ်ပါတယ်။ သူ့ရဲ့ သက်တမ်းသစ်ဟာ ပထမသက်တမ်းထက် ဘာတွေ ကွဲပြားနိုင်ခြေရှိလဲ။

ဒေါ်နယ် ထရမ့် ရဲ့ အငြင်းပွားဖွယ်ရာ ကျန်းမာရေး ဝန်ကြီး

၂၀၂၄ နိုဝင်ဘာ ၁၅ သောကြာ ၁၅:၁၃:၅၅

ကိုဗစ် ၁၉ ကာကွယ်ဆေးကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ခဲ့သူ တစ်ယောက်

ထရမ့် က အမေရိကန်မှာမွေးသူတွေ အလို အလျောက် နိုင်ငံသားဖြစ်ခွင့် ရပ်ဆိုင်းမယ်

၂၀၂၄ ဒီဇင်ဘာ ၁၀ အင်္ဂါ ၀၇:၅၉:၄၅

သူသမ္မတဖြစ်တဲ့နေ့မှာပဲ လူဝင်မှု ကြီးကြပ်ရေးကိစ္စအပါအဝင် ကိစ္စရပ်အတော်များများကို သူ့ရဲ့ သမ္မတလုပ်ပိုင်ခွင့် အာဏာသုံးပြီး ပြင်ဆင်ပြောင်းလဲပစ်မယ်လို့ ဒေါ်နယ် ထရမ့်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ယူကရိန်း ဆက်ပြီး စစ်တိုက်နိုင်မလား

၂၀၂၅ ဖေဖော်ဝါရီ ၁၈ အင်္ဂါ ၁၈:၁၃:၁၄

ယူကရိန်းကို ရုရှားတို့ အင်အားအလုံးအရင်းနဲ့ ဝင်ကျူးကျော်တာ ၃ နှစ်နီးပါး ကြာလာတဲ့နောက် စီးပွားရေးအခြေအနေတွေကို ပြန်ကြည့်ပြီး ယူကရိန်းက စစ်ဆက်ပြီး တိုက်နိုင်မလား ဆိုတဲ့အပေါ် ဆန်းစစ်မှုတွေ ရှိလာနေပါတယ်။

မလေးရှားရဲ့ မြန်မာဒုက္ခသည်တွေကို အလုပ်ပေးမယ့်အစီအမံနဲ့ စိုးရိမ်ချက်များ

၂၀၂၅ ဖေဖော်ဝါရီ ၁၇ တနင်္လာ ၁၂:၄၃:၂၃

မလေးရှားရဲ့ မြန်မာဒုက္ခသည်တွေကို တရားဝင်အလုပ်ကိုင်ပေးမယ့် အစီအစဥ်အရ မလေးရှားပြည်ထဲရေးဝန်ကြီးဌာနက ကိုင်တွယ်စီမံမှာဖြစ်တာကြောင့် ဒုက္ခသည်တွေရဲ့ အခွင့်အရေးနဲ့ လုံခြုံမှုကို ထိခိုက်မှာစိုးရိမ်တယ်လို့ မြန်မာဒုက္ခသည်တွေအရေးဆောင်ရွက်တဲ့ အဖွဲ့အစည်းတချို့က ပြောပါတယ်။

အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းကိုဆန်းစစ်ခြင်း

၂၀၂၅ ဖေဖော်ဝါရီ ၁၆ တနင်္ဂနွေ ၁၂:၃၃:၃၀

နိုင်ငံတကာဥပဒေပညာရှင်၊ လူ့အခွင့်အရေးရှေ့နေလည်းဖြစ်တဲ့ ဦးထူးအောင် ကတော့ အရပ်သားခေါင်းဆောင်တွေ ဖမ်းဝရမ်းစာရင်းထဲပါလာပေမဲ့ တရားရုံးကို အယူခံဝင်နိုင်တဲ့ အခြေအနေရှိတယ်လို့ ထောက်ပြပါတယ်။

ထရမ့်နဲ့ ပူတင်တွေ့ဖို့ ဆော်ဒီကို ရွေးတာက ဘာ့ကြောင့်လဲ

၂၀၂၅ ဖေဖော်ဝါရီ ၁၆ တနင်္ဂနွေ ၁၅:၅၉:၂၆

ယူကရိန်းစစ်ပွဲကို ရပ်ဖို့ ရုရှားသမ္မတ ပူတင်နဲ့ ဆော်ဒီအာရေးဗီးယားမှာ ဆွေးနွေးနိုင် တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ‌ပြောလိုက်တဲ့အခါ အ‌ရေးပါတဲ့ ဒီဆွေးနွေးပွဲကို ဘာကြောင့် သူ ဒီပင်လယ်ကွေ့နိုင်ငံမှာ လုပ်ဖို့ရွေးချယ်တာလဲလို့ အများက အမေး ထုတ်ကြပါတယ်။

တရုတ်အမျိုးသမီးတွေနဲ့ AI ဥာဏ်ရည်တုရည်းစားရဲ့ အချစ်ဇာတ်လမ်းများ

၂၀၂၅ ဖေဖော်ဝါရီ ၁၆ တနင်္ဂနွေ ၀၅:၁၂:၀၅

စိတ်ဓါတ်ကျတဲ့ဝေဒနာပြင်းပြင်းထန်ထန် ခံစားနေရချိန် ၊ စိတ်ကျန်းမာရေး နှစ်သိမ့်ဆွေးနွေးမှုတွေလုပ်ဖို့ လိုအပ်ချိန်မှာ AI ဥာဏ်ရည်တု ချစ်သူက စိတ်လုံခြုံမှုပေးစွမ်းခဲ့တယ်လို့ တရုတ်လူငယ်တွေက ဖွင့်ဟပါတယ်။

နိုင်ငံဖြတ်ကျော် ကျားဖြန့်နှိမ်နင်းရေးနဲ့ ဗိုလ်မှူးကြီးစောချစ်သူရဲ့ ကံကြမ္မာ

၂၀၂၅ ဖေဖော်ဝါရီ ၁၅ စနေ ၁၂:၂၉:၁၃

မြန်မာနိုင်ငံ၊ မြဝတီမြို့နယ်ထဲမှာ အခြေစိုက်တဲ့ကျားဖြန့်လုပ်ငန်းတွေကိုနှိမ်နင်းဖို့ မြန်မာ၊ ထိုင်းနဲ့ တရုတ် သာမကဘဲ အမေရိကန်ကပါ စိတ်ဝင်စားလာတာတွေ့ရပါတယ်။

တောင်းစားရတဲ့မြောက်ကိုရီးယားလူငယ် ကေပေါ့ အဆိုရှင်ဘယ်လိုဖြစ်လာလဲ

၂၀၂၅ ဖေဖော်ဝါရီ ၁၂ ဗုဒ္ဓဟူး ၁၄:၁၀:၃၈

မြောက်ကိုရီးယား လူငယ် ၂ ဦးနဲ့ဖွဲ့စည်းထားတဲ့ ပထမဆုံးကေပေါ့အဖွဲ့ဟာ အခုနှစ်နှောင်းပိုင်းမှာ အမေရိကန်မှာ ပွဲဦးထွက်ဆိုနိုင်ဖို့ အားခဲနေပါတယ်။

တပို့တွဲလပြည့်၊ လပြည့်ခြင်းအဓိပ္ပါယ်နဲ့ သက်ရောက်မှု

၂၀၂၅ ဖေဖော်ဝါရီ ၁၂ ဗုဒ္ဓဟူး ၁၃:၂၀:၁၅

လပြည့်ညဟာ လူတွေအပေါ် ဘယ်လောက် သက်ရောက်မှု ရှိလဲ။

ထိုင်းက ဖမ်းဝရမ်းထုတ်ဖို့ ပြင်တဲ့အပေါ် ဗိုလ်မှူးကြီးစောချစ်သူ ဘာပြောလဲ

၂၀၂၅ ဖေဖော်ဝါရီ ၁၁ အင်္ဂါ ၁၃:၅၀:၃၀

ထိုင်းဘက်က ဝရမ်းထုတ်မယ်လို့ လုပ်တယ်ဆိုတော့ ဒါက ကျွန်တော်တို့အတွက် အန္တရာယ်အများကြီးရှိပါတယ်။

စစ်တွေကို အေအေ ဘယ်လိုခြေလှမ်းပြင်နေလဲ

၂၀၂၅ ဖေဖော်ဝါရီ ၁၀ တနင်္လာ ၁၃:၄၃:၂၀

"စစ်ကောင်စီက စစ်တွေမြို့ခံတွေကိုခေါ် ပြီး အစည်းအဝေးလုပ်တယ်။ တိုက်ပွဲဖြစ်လာခဲ့ရင် အခိုင်အမာဆောက်ထားတဲ့အိမ်တွေမှာ သူတို့ စနိုက်ပါတပ်ဖွဲ့ဝင်တွေ ဝင်နေမယ်၊ ဒါကိုပိုင်ရှင်တွေအနေနဲ့ ခွင့်ပြုရမယ်ဆိုပြီး ပြောထားတာရှိတယ်" လို့ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးကြိုတင်ပြင်ဆင်တာတွေကို စစ်တွေမြို့ခံတစ်ယောက်က ပြောပါတယ်။

ထရမ့်တက်လာပြီးနောက် စိုးရိမ်ချက်ရှိတဲ့ အမေရိကန်က မြန်မာတွေ

၂၀၂၅ ဖေဖော်ဝါရီ ၉ တနင်္ဂနွေ ၀၄:၄၃:၂၈

စစ်အာဏာသိမ်းထားလို့ နိုင်ငံ ပြန်မလာနိုင်သေးတဲ့ မြန်မာနိုင်ငံသားတွေကို အမေရိကန်အစိုးရက ယာယီ အကာအကွယ်ပေးထားတဲ့ TPS ရပ်ဆိုင်းပစ်မလားဆိုပြီး စောင့်ကြည့်နေရတဲ့အခြေအနေပါ။

စစ်ခေါင်းဆောင်ကို ဘယ်သူတွေအကြံပေးနေလဲ

၂၀၂၅ ဖေဖော်ဝါရီ ၈ စနေ ၁၂:၀၈:၂၂

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အရေးကြီးကိစ္စတွေပေါ်ပေါက်လာတိုင်း သူ့ရဲ့အကြံပေးတွေကို သမ္မတအိမ်တော်ကို ဆင့်ခေါ်ပြီး အစည်းအဝေးထိုင်စေခဲ့တယ်လို့ အိမ်တော်သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ်ရဲ့ ဘေဂျင်းခရီး၊အချိန်ကိုက်ဖြစ်လာတဲ့မြဝတီက ကျားဖြန့်နှိမ်နင်းမှု

၂၀၂၅ ဖေဖော်ဝါရီ ၆ ကြာသပတေး ၁၄:၁၂:၂၇

ကရင်နယ်ခြားစောင့်တပ် (BGF)က ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးနိုင်မောင်ဇော်ကတော့ '' အင်အားကြီးနိုင်ငံတွေအနေနဲ့ ဖိအားပေးလုပ်ဆောင်တာထက် ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဖြေရှင်းဖို့လိုတယ်'' လို့ တုံ့ပြန်ပါတယ်။

ဘီဘီစီ မြန်မာ နေ့စဉ် ရုပ်သံအစီအစဉ်ကို မဇ္စျိမတီဗီ တွင် ကြည့်ရှုနိုင်ပြီ

၂၀၁၈ မတ် ၂၆ တနင်္လာ ၁၆:၁၅:၄၈

နိုင်ငံတကာ နှင့် ဒေသတွင်းဖြစ်ပျက်နေသည့် နေ့စဉ် အရေးကြီးသတင်းများကို ပရိသတ်ထံသို့ အရောက် သယ်ဆောင်လာပါပြီ။